Wednesday, November 16, 2016

7Day News Journal

အစိုးရသစ်လက်ထက် တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ စံချိန်တင် ဈေးနှုန်းအမြင့်ဆုံးသို့ တက်လာပြီး တစ်ဒေါ်လာလျှင် ၁,၃၀၇ ကျပ်သို့ ရောက်ရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ကန်ဒေါ်လာသည် နို၀င်ဘာ လအတွင်း ဆက်တိုက်ဈေးပြန် လည်မြင့်တက်လာပြီး နို၀င်ဘာ ၁၄ ရက် ညနေ ဈေးပိတ်ချိန်တွင် တစ်ဒေါ်လာ ၁,၃၀၅ ကျပ်သို့ ရောက်ရှိလာသည်။ နို၀င်ဘာ ၁၅ ရက် နံနက် ပြင်ပဈေးကွက် ဖွင့်ချိန် တွင် တစ်ဒေါ်လာလျှင် ၁,၃၀၇ ကျပ်ဖြင့် ဈေးဖွင့်ပြီး မွန်းလွဲပိုင်း တွင် ၁,၃၀၅ ကျပ်သို့ အနည်းငယ် ပြန်လည်ကျဆင်းလာသည်။ အစိုးရသစ်သက်တမ်းခုနစ် လအတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁၀၀ ကျော်မြင့် တက်လာသည်။ ဧပြီ ၁ ရက်တွင်တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့်ဈေးပေါက်ရာမှ နို၀င်ဘာ ၁၅ ရက်တွင် ၁,၃၀၇ ကျပ်သို့ မြင့်တက်လာ သည်။ ကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ ခြင်း၊ အစိုးရဘတ်ဂျက်အသုံးစ ရိတ်များ ထပ်မံ ချထားပေးခြင်းနှင့် ဆက်စပ်၍ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းသည် မြန်မာနိုင် ငံ၏ စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်သည့် အခြေအနေတစ် ခုမဟုတ်ကြောင်း စီးပွားရေးပညာ ရှင် ဦးလှမောင်က ပြောသည်။ ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့် တက်နေသော်လည်း ဗဟိုဘဏ် က သတ်မှတ်သည့် ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သတ်မှတ်ထားသည်။အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကို ထိန်းရန် အစိုးရသည် ကုန်သွယ်မှုမူ၀ါဒနှင့် ပို့ကုန်၀င်ငွေကို မြန်မာ့ဘဏ်များမှ လက်ခံဖို့လိုအပ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးမြှင့်လာရေး ဆွဲဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဈေးမတည်ငြိမ် ခြင်းသည် စီးပွားရေးကဏ္ဍ၌ အစိုးရနှင့် ပုဂ္ဂလိက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ဆိုထားပြီး အစိုးရ သစ်အနေဖြင့် လက်တွေ့လုပ်ငန်း များလုပ်ကိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ တင်ပြမှုများကို နားထောင်ပေးရန် လိုအပ်သည်ဟု ဆိုသည်။ ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန်တင်မြင့်တက်ရခြင်းသည် အမေရိကန် ရွေးကောက်ပွဲအပြီး ဒေါ်လာကို ယုံကြည်မှုပိုလာပြီး ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ဟု ပြင်ပငွေကြေး ရောင်း၀ယ်ရေး လုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးသည် နို၀င်ဘာ ၃ ရက်က တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁,၃၀၅ ဒေါ်လာမှ နို၀င်ဘာ ၁၅ ရက်တွင် ၁,၂၂၅ ဒေါ်လာသို့ ကျဆင်းလာ သည်
Source : http://ift.tt/2fURwXu
via IFTTT

No comments:

Post a Comment