မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းအနီးသို့ ညအချိန် ချဉ်းကပ်လာသည့် ဘင်္ဂါလီများအား ပစ်ခတ်တားဆီး ဖမ်းဆီးရမိခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ နေပြည်တော်၊ နိုဝင်ဘာ ၁၀ မောင်တောမြို့နယ်၊ ကညင်ချောင်းဝကျေးရွာ၊ နယ်မြေ(၆)နယ်ခြားစောင့်ရဲကင်းစခန်းသို့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်က ဘင်္ဂါလီ(၁၅)ဦးခန့်သည် ဓားများကိုင်ဆောင်ကာ ချဉ်းကပ်လာသဖြင့် တပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အော်ဟစ်သတိပေးသော်လည်း ဆက်လက်ချဉ်းကပ် လာသဖြင့် ပစ်ခတ်တားဆီးခဲ့ရာ မာမတ်တာလီ(၂၅)နှစ်၊ ဘင်္ဂါလီ/ အစ္စလာမ်(ဖ)ဟာဘေအူလာ၊ ရွှေဓားမြောက် ရွာနေသူတွင် ကျောယာဘက်၌ သေနတ်ရှပ်ထိဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)၊ နိုအာလောင်(၂၀)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်(ဖ)ဟာဘောင်းဂျူဟတ်၊ ရွှေဓားအလယ်ရွာနေထိုင်သူတွင် ဝဲခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)ဒဏ်ရာ အသီးသီး ရရှိဖမ်းဆီးမိပြီး ကျန်ဘင်္ဂါလီများမှာ ကပ္ပကောင်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ မာမတ်တာလီ ထံမှ ဓါးရှည်(၁)ချောင်းပါ သိမ်းဆည်းရမိခဲ့သဖြင့် တရားခံများအား ဥပဒေနှင့်အညီ တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သွားသူများကိုလည်း ဖော်ထုတ် ဖမ်းဆီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (ရဲပြန်ကြား)
Source : https://www.facebook.com/MOIWebportalMyanmar/posts/1016260001835199
via IFTTT
No comments:
Post a Comment