Friday, November 4, 2016

The Voice

ဆွာရက်ဇ်ကို မန်ယူ မခေါ်ယူနိုင်စေရန် ဘာစီလိုနာ စာချုပ်သစ်ချုပ်မည် မန်ချက်စတာ၊ နိုဝင်ဘာ ၃ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမီအူသည် တိုက်စစ်မှူး ဆွာရက်ဇ်ကို အသင်း၌ ဆက်လက် ထိန်းသိမ်း ထားနိုင်စေရေးအတွက် စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဆွာရက်ဇ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၃၅ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေပြီး ယင်းအစီအစဉ်ကို မန်ယူ အကောင်အထည် မဖော်နိုင်စေရန် ဆွာရက်ဇ်နှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးသွားတော့မည်ဟု ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမီအူက ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဘာစီလိုနာနှင့် ဆွာရက်ဇ်အကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သည် လာမည့် ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကာ ၎င်းတို့အနေနှင့် ဥရောပ ဘောလုံးလောက၏ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်သော ဆွာရက်ဇ်ကို အသင်း၌ ဆက်ရှိနေစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်သာ ဖြစ်ကြောင်းလည်း ဘာတိုမီအူက ပြောကြားထားသေးသည်။ ဘာစီလိုနာသည် လက်ရှိတွင် ဆွာရက်ဇ်၏ အကျိုးဆောင် ကိုယ်စားလှယ်များနှင့် စာချုပ်သစ်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကာ နေမာ၊ မက်ဆီနှင့် ဆွာရက်ဇ်တို့မှာ ဘာစီလိုနာ၏ အနာဂတ်အတွက် အရေးပါသူများ အဖြစ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ဘာတိုမီအူက ရှင်းပြထားသည်။ ဘာစီလိုနာသည် လက်ရှိ ဘောလုံးရာသီအတွင်း ကွင်းလယ်လူ မာရှေယာနိုနှင့် တိုက်စစ်မှူး နေမာတို့ကို စာချုပ်သစ်များ အသီးသီးချုပ်ဆိုခဲ့ပြီး ဖြစ်ကာ လာမည့်လ အနည်းငယ်အတွင်း မက်ဆီကို စာချုပ်သစ် လက်မှတ်ရေးထိုးရန် အတွက်လည်း အစီအစဉ်များ ရေးဆွဲထားပြီ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းက ထုတ်ပြန်ကြေညာထားသည်။
Source : https://goo.gl/eq4j61
via IFTTT

No comments:

Post a Comment